မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် (ရွှေလှေ/ကညင်ကုန်း/ခရေကန်/ ဓနော်/ အိုးဘို/ ဆပ်သေ/ရေလဲနှဲကော)ကျေးရွာအုပ်စုတို့၌ (၁၆/၁၈/၂၀/၂၁/၂၅/၂၆-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁,၃၅၀,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄၄)လုံးနှင့် ဘုန်းတော်ကြီကျောင်း (၂)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁,၅၂၀,၀၀ဝ)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ လူဦးရေ (၂၇၈) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၅၈၃,၈၀၀)ကျပ်၊  စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃,၄၅၃,၈၀ဝ)ကျပ်တို့အား (၂-၆-၂၀၁၈) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events