၂.၆.၂၀၁၈ နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ အကြောင်း အမျိုးမျိုးကြောင့်ဖွင့့်လှစ်ထားရသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက IDP စခန်းများ ပိတ်သိမ်းခြင်းသည် အပြုသဘောဆောင်သည့် ဆောင်ရွက်ခြင်းဖြစ်ပြီး မင်္ဂလာရှိပါကြောင်း၊ ဒုက္ခသည်များ လူမှုသဟ ဇာတမဖြစ်၍ ပဋိပက္ခများဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရ၍ တိုက်ပွဲများဖြစ်ပွားခြင်း ကြောင့်လည်းကောင်း၊ ဒုက္ခသည်များနေထိုင်ရာ IDP စခန်းများပေါ်ပေါက်လာပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြောင့် ယာယီ IDP စခန်းများဖြစ်ပေါ်လာတတ်ကြောင်း၊ IDP စခန်းများ ရေရှည်တည်တံ့ခြင်းသည် မလိုလား အပ်သဖြင့် ပိတ်သိမ်းရန် အစီအစဉ်ရေးဆွဲခြင်းဖြစ်ပါကြောင်း၊ IDP စခန်းများတွင် နေထိုင်ရသည့်အတွက် မူလ အလုပ်အကိုင်ပျက်ပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကလေးသူငယ်များ၏ ပုံမှန်ဖွံဖြိုးတိုးတက် ရေးအတွက် အခွင့်အရေးဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမမီခြင်း၊ လူငယ်များအနေများဖြင့်လည်း တိုးတက်မှုနှင့် ပါဝင်ဆောင်ရွက်ခွင့်ဆုံးရှုံးရခြင်း၊ အမျိုးသမီးများ၏ရပ်တည်မှု၊ ဖွံ့ဖြိုးမှုထိခိုက်ပြီး အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများ ဖြစ်နိုင်ခြေရှိခြင်း၊ ထိခိုက်လွယ်သည့်အုပ်စုများဖြစ်သော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများနှင့် ကိုယ်ဝန်ဆောင်များကို အဓိကထိခိုက်မှုရှိပါကြောင်း၊ လူမှုပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများတွင် နောက်ဆက်တွဲဆိုးကျိုးများခံစားရကြောင်း၊ ဥပဒေအရရရှိသင့်သည့် အခွင့်အရေးများဆုံး ရှုံးမှုများရှိပါကြောင်း၊ IDP စခန်းများတွင် နေထိုင်ခြင်းကြောင့် အထောက်အပံ့ ပံ့ပိုးကူညီမှုများကို မှီခိုနေထိုင်၍ လုပ်ရည်ကိုင်ရည်များ လျော့ကျလာပါကြောင်း၊ ပြည်နယ် (၄) ခုရှိ မြို့နယ် (၁၅) ခုတွင် IDP စခန်းပေါင်း (၁၄၀) ကျော်ရှိပြီး လူဦးရေ (၁၆၀၀၀၀) ကျော်ရှိပါကြောင်း၊ မည်သည့်မူဝါဒ၊ မည်ကဲ့သို့အစီအစဉ်ဖြင့် ပိတ်သိမ်းမည် ဆိုသည်မှာ အရေးကြီးပါကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ရမည်ဖြစ်ပါကြောင်း၊ ထိုသု့ိစခန်းများပိတ်သိမ်းရာတွင် နိုင်ငံတကာနှင့်ပူးပေါင်း၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရပါကြောင်း၊ အစိုးသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ မေလမှစ၍ အဆိုပါ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖေါ်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီအောက်တွင် လုပ်ငန်းကော်မတီတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားပြည်နယ်များတွင်လည်း တိုက်ပွဲရှောင်ပြည်သူများ၏ အခွင့်အရေးများကို ဖေါ် ဆောင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ထောက်ပံ့မှုသာမက အလုပ်အကိုင်အခွင့်အလမ်း ဖေါ်ဆောင်၍ အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း၊အရင်းအနှီးများထုတ်ပေး၍ လုပ်ငန်းများ ဆောင်ရွက်စေခြင်းများ စနစ်တကျဆောင်ရွက်ပေးနေပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDPစခန်းများကိုပြုပြင်ခြင်း၊ ထောက်ပံ့မှုပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ရေးကော်မတီ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီများဖွဲ့စည်းဆောင်ရွက်နေသည့်အပြင် ပြည်ထောင်စုစီမံကိန်း (UEHRD) ဆောင်ရွက်ချက်များတွင်လည်း ပြန်လည်နေရာချထားရေးလုပ်ငန်းများပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့််တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးကိုဖေါ်ဆောင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရာတွင် ဥပဒေအရ လွတ်လပ်စွာသွားလာခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်းလက် လှမ်းမီစေခြင်း စသည့် အခွင့် အရေးများ ရရှိအောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူမှုအဖွဲ့အစည်းများအကြား ပဋိပက္ခများမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်ပွားသည့်အခါ တရားဥပဒေစိုးမိုးရေးမှာ အဓိကဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှသာ ဥပဒေအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့် စသဖြင့်ဆောင်ရွက်ပေးရန် အရေး ကြီးပါကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ရာ ထာဝရ ငြိမ်းချမ်းမှုရရှိရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးသည်အရေးကြီးပါကြောင်း၊ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင် စုဖြစ် ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ရာတွင်လည်း လူတိုင်းဥပဒေအရ အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက် ပေးခြင်း၊ မျှတသောအကျိုးခံစားခွင့် ရရှိစေရေး၊ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရေးတို့ကို ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ဦးဆောင်မှုဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ လက်ခံနိုင်သည့် မဟာဗျူဟာစီမံချက်ဖြစ်စေရန် ဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ကာလကြာရှည်ပြီဖြစ်သော IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဌာန¬ဆိုင်ရာ များမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018