ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်၊ အာစီဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်း ရွေ့ရောက်ရှိလာသော ခေတ္တခဏနေရပ်စွန့်ခွာ အိမ်ထောင်စု (၉၂)မှ  လူဦးရေ (၄၀၈) ဦးတို့အတွက်  ဆန် (၁၂၇)အိတ် (၁၂) ပြည် ၊ ဆီ (၁၈၄) ပိဿာ၊ ဆား (၉၂) ပိဿာ၊ ပဲ (၁၈၄)ပိဿာ၊ ငွေကျပ်(၅,၀၆၇,၀၀၀)ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ပဲ (၁) လစာကို (၂-၆-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး  ဒေါက်တာဂျေကော့ဘူနှင့် လူမှုရေးဝန်ကြီးဒေါတ်တာသင်းလွင်၏ ခရီးစဉ်တွင်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events