လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၁၈)နေ့ မှ (၃၁-၅-၂၀၁၈)နေ့အထိ ဇလွန်မြို့နယ်၊ ကမ်းနားတမ်းရပ်ကွက်၊ တာတမံနယ်နိမိတ်အတွင်း မြို့နယ်၏ သဘာဝဘေးကြိုတင်ကာကွယ်ခြင်းအစီအစဉ်ဖြင့် အန္တရာယ်ရှိသောအိမ်ခြေများမှ ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့သော အိမ်ခြေ/အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၆၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၅,၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး (၁,၃၇၅,၅၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၆,၇၇၅,၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၅၄)အိမ်ထောင်စာအား (၂-၆-၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ဇလွန်မြိုနယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_jun2018