ပြည်ထောင်စုစီမံကိန်း UEHRD ကော်မတီတွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အ‌ခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအဖွဲ့CITF လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ၊ ဇွန် ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးသို့ သွားရောက်ဖူးမျှော် ကြည်ညိုပြီးအလှူငွေများပေးအပ်လှူဒါန်းခဲ့ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ပြီး ဆက်လက်၍ မဏိရတနာကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြှော်ပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုစီမံကိန်း UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုစီမံကိန်း UEHRD ကော်မတီတွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အ‌ခြေခံအဆောက်အဦ တည်ဆောက် ရေးလုပ်ငန်းအဖွဲ့ CITF ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ရာတွင် UEHRD လုပ်ငန်းစဉ်များအကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ညီညွတ်စွာအားလုံးစုပေါင်းတာဝန်ယူရန် များစွာအရေးကြီးပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာမှုအထောက်အပံ့ပေးရေး၊  ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေး ရေးဟူသောရည်ရွယ်ချက် (၃) ရပ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုမျှော်မှန်းပါကြောင်း၊ UEHRD တွင် (11) Task Force လုပ်ငန်းစဉ် (၁၁) ရပ်ပါ ဝင်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်များထဲတွင် သတင်းဆက်သွယ်ပြန်ကြားရေး တာဝန်မှာများစွာ အရေးကြီး ပါကြောင်း၊ သတင်းအချက်အလက်အမှန်များ ထုတ်ပြန်နိုင်ရန်အရေးကြီးပါကြောင်း၊ UEHRD ၏ဆောက် လုပ်ရေးနှင့် အ‌ခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်လည်း ရာသီဥတုကိုမှီပြီးလုပ်ငန်းများဆောင်ရွက်ရသောကြောင့် အလုပ်ချိန်နည်းပါးကြောင်းကိုလည်း သိရှိနားလည်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း စိစစ်သုံးသပ် ကြီး ကြပ်လမ်းညွှန်ပေးရန်လည်း အရေးကြီးပါကြောင်း၊ UEHRD စီမံကိန်းချိတ် ဆက်ဆောင်ရွက်ရာတွင် လည်းအခက်အခဲများရှိနေပါကြောင်း၊ ထိုလုပ်ငန်းစဉ်များနှင့်ဆက်စပ်ဆောင်ရွက်နေသော ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီတို့သည် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်  ပြန်လည်ဆန်းစစ်ကြပ်မတ်စစ်ဆေးရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရန်၊ စံချိန်စံညွှန်း များ နှင့် ကိုက်ညီမှုရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသော ရခိုင်ပြည်နယ်ရှိ လုပ်ငန်းရှင်များသည် မိမိပြည်နယ်အတွက် စေတနာထားလုပ်ဆောင်နေကြသဖြင့် ကျေးဇူးတင်ရှိပါ ကြောင်း၊ ထိုက်သင့်သောအကျိုးအမြတ်လည်းရရှိကြသည်ဖြစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းရှိစေချင်ပါကြောင်း၊ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများဖြင့် လုပ်ငန်းများ အချိန်မီစံချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြ စေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောကြားရာတွင် ပြန်လည်လက်ခံရေးစခန်းနှင့် ပတ်သတ်၍ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် များစွာရှိပါကြောင်း၊ လုပ်ငန်း လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီများအနေဖြင့်လည်း အကောင်းဆုံးဖြစ်အောင် ဆွေနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကပြောကြားရာတွင် UEHRD ၏ ရည်ရွယ်ချက် (၃)ရပ်နှင့် အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ခံစားချက်များကို ရှေ့တန်း မတင်ဘဲမိမိတို့၏ ကျွမ်းကျင်မှုအရည်အသွေးဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ နေအိမ်များဆောက်လုပ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်းစသည့် လုပ်ငန်းစဉ်များတွင် လိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေနွေးခဲ့ပါသည်။

ဆက်လက်ပြီးဆောက်လုပ်ရေးနှင့် အ‌ခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးကိုကိုနှင့်အဖွဲ့များက၎င်းတို့၏ ကြုံတွေ့ရသောအခက်အခဲများ၊ UEHRD နှင့် နိုင်ငံတော်အစိုးရအပိုင်းက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ကိုပွင့်ပွင့်လင်းလင်းတင်ပြခဲ့ ရာUEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်ကျော်ဇံတို့က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#rke_jun2018

Sign Up

Upcoming Events