Category Archives: News
-
ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်
=============================================== (၂၀၁၈ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ Source: DMH
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသောပြည်သူများအတွက် ရှပ်တိုရောင်စုံ (၂၅၀)၊ စတစ်လက်ရှည်(၃၀၀)၊ CVC ပန်းရိုက်ရှပ်တိုု(၂၅၀)နှင့် တီရှပ်(၈၀၀)ထည်တို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇုံးတိန့်(ကိုယ်စား) ကိုယ်စားလှယ်တစ်ဦး ထံသို့ (၈-၆-၂၀၁၈)ရက်နေ့(၁၀း၄၅)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jun2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၁၈) ရက်နေ့၌ မြန်အောင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၁၇) စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေး ဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၇၈) လုံး၊ အမိုးလန်အိမ်ခြေ (၈၂၄) လုံး၊ အိမ်ထောင်စု (၉၀၂) စု၊ လူဦးရေ (၃၂၇၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၈၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၈၈၁၇၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၇) ကျောင်းအတွက် (၇၀၀၀၀၀) ကျပ်၊ စုစုပေါင်း … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၃) တွင် (၆-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေများဝင်ရောက် ခဲ့ရာ ရေဘေးသင့် အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၄) အိမ်ထောင်စာနှင့် လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂၆,၀၀၀ိ/-) ကျပ်တို့အား (၅-၆-၂၀၁၈) (၁ရး၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်မှု၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေချောင်းချောင်းရေကြီးမှုနှင့် ကန်တော်ဒေသ ရေထိန်းကန်ကျိုးပေါက်မှုတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိမှုအခြေအနေ
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုအတွင်း (၆-၆-၂၀၁၈) နေ့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းမှုကြောင့် နေအိမ် (၂) လုံးရေစီးဖြင့်မျောပါသွားပါသည်။ အဆိုပါ မျောပါ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စုစုပေါင်း ငွေသားနှင့် ပစ္စည်းတန်ဖိုး(၂၄၇,၀၅၃ိ/-)(ကျပ်နှစ်သိန်းလေးသောင်းခုနစ်ထောင်ငါးဆယ့်သုံး တိတိ) တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၇-၆-၂၀၁၈) နေ့တွင်သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ (၇-၆-၂၀၁၈)နေ့တွင်လည်း မိုးဆက်လက်ရွာသွန်းမှုကြောင့် ရပ်ကွက် (၅) ခုရှိ နေအိမ် (၁၀၀၀) ကျော်အတွင်းသို့ … Read more
-
ဖိုက်ဘာစက်လှေ(၃)စီးလွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၏ (၁၈-၆-၂၀၁၇) ရက်နေ့၊ အင်္ဂပူမြို့နယ်ခရီးစဉ်၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ တင်ပြချက်အရ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပေးပို့သောစက်လှေ (၃) စီး အား (၆-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါ သည်။ Source:ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #dg #ayy_jun2018
-
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေချောင်း(ချောင်း) လျှပ်တပြတ်ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈)ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်အံ့မောင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ အနာဂတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးရဲထွဋ်၊ ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်းနှင့် လူမှုကူညီရေးအသင်းများ၊ ဒေသခံပြည် သူများနှင့်အတူပူးပေါင်း၍ ဘေးထိခိုက်ခံစားရနိုင်သည့် လူနေအိမ်များအား ဘေးလွတ်ရာနေရာများသို့ ဝိုင်းဝန်းရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်၊၊ အဆိုပါ လျှပ်တပြတ်ရေဘေးကြောင့် ရေထဲမျှောပါပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ … Read more
-
လေဘေးကြောင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈)ရက်နေ့ (၁၀း၄၀)နာရီအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်နန်းရပ်ကွက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲ၍ ပိမိကာ ဒဏ်ရာရရှိသည့် လူနာ(၃)ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀ိ/-)ကျပ်စီ စုစုပေါင်း (၁၅၀၀၀၀/-)ကျပ်တို့အား (၇-၆-၂၀၁၈)နေ့ (၁၄း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရေလည်ကုန်းကျေးရွာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ကျေးရွာသူ/ကျေးရွာသားများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၂၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ရေဘေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_fld #krn_jun2018
-
မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ (၅-၆-၂၀၁၈)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လယ်တော တွင် ရေလိုက်ပိတ်နေစဉ် သန်းထိုက်ဆိုသူမိုးကြိုးထိမှန်၍သေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ(၁)ဦးအတွက် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)တိတိအား (၇-၆-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)









