ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုအတွင်း (၆-၆-၂၀၁၈) နေ့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းမှုကြောင့် နေအိမ် (၂) လုံးရေစီးဖြင့်မျောပါသွားပါသည်။ အဆိုပါ မျောပါ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စုစုပေါင်း ငွေသားနှင့် ပစ္စည်းတန်ဖိုး(၂၄၇,၀၅၃ိ/-)(ကျပ်နှစ်သိန်းလေးသောင်းခုနစ်ထောင်ငါးဆယ့်သုံး တိတိ) တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၇-၆-၂၀၁၈) နေ့တွင်သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ (၇-၆-၂၀၁၈)နေ့တွင်လည်း မိုးဆက်လက်ရွာသွန်းမှုကြောင့် ရပ်ကွက် (၅) ခုရှိ နေအိမ် (၁၀၀၀) ကျော်အတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး နေအိမ် (၁) လုံးရေစီးဖြင့် မျောပါသွားကာ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၄၅) ဦးအား ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရပါသည်။ သက်ဆိုင်ရာ တာဝန်ရှိ သူများကထိခိုက်ပျက်စီးမှုနှင့်ဆုံးရှုံးမှုအခြေအနေများကိုကွင်းဆင်းစိစစ်၍ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၇-၆-၂၀၁၈) ရက်နေ့ညနေပိုင်းတွင် ရေများပြန်လည်ကျဆင်း သွားပြီဖြစ် ကြောင်းသိရှိရပါသည်။
အလားတူပင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၇-၆-၂၀၁၈) နေ့ (ဝရး၀၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ရွှေချောင်းချောင်းရေမှာ ရုတ်တရက်မြင့်တက် လာပြီးအမှတ် (၁) နှင့် အမှတ် (၃) ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် (၅) ပေခန့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကာ ရေစီးကြောင့် နေအိမ် (၇) လုံး မျောပါခဲ့ကြောင်းနှင့် အန္တရာယ်ရှိသည့် နေအိမ် (၅) လုံးနှင့် ဓမ္မာရုံ (၁) လုံးတို့ကို ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရကြောင်း ကနဦးသတင်းရရှိမှုအရ ဘေးသင့်အိမ်ထောင်စု (၇) စုမှ လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက် ပစ္စည်း ဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး (၁,၀၉၃,၆၇၁ိ/-)(ကျပ်ဆယ်သိန်းကိုးသောင်း သုံးထောင်ခြောက်ရာခုနစ်ဆယ့်တစ်တိတိ)အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ကနဦးအနေဖြင့် ချက်ချင်းသွားရောက်ထောက်ပံ့ခဲ့ပြီး ထောက်ပံ့ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၆-၆-၂၀၁၈) နေ့ (၀၅း၀၀) အချိန်တွင် ကန်တော်ဒေသရေထိန်းကန်မှ ရေပိုလွှဲ ပေ (၃၀၀) ခန့် အနက်မှ ပေ (၁၀၀) ခန့် ကျိုးပေါက်ခဲ့သဖြင့် ရေပိုလွှဲမှရေကျော်မှုများဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါရေကျော်မှုကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင် (၁၁/၂) တွင် (၁) ပေခန့် ရေကျော်သဖြင့် ယာဉ်သွားလာမှုခေတ္တရပ်ဆိုင်းခဲ့ပြီး အခြားထိခိုက်ဆုံးရှုံးမှုများမရှိပါ ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးဖြစ်ပွား မှုသတင်းရရှိသည်နှင့် ရေကျော်သည့်နေရာသို့ သွားရောက်ကာ သက်ဆိုင်ရာဌာနများနှင့်အတူပူးပေါင်း၍ စီမံခန့်ခွဲမှု များ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: DDM
#ha_fld
#shn_jun2018
#mgy_jun2018