
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ (၅-၆-၂၀၁၈)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လယ်တော တွင် ရေလိုက်ပိတ်နေစဉ် သန်းထိုက်ဆိုသူမိုးကြိုးထိမှန်၍သေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ(၁)ဦးအတွက် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)တိတိအား (၇-၆-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_jun2018
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)