ရေဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

8 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၃) တွင် (၆-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေများဝင်ရောက် ခဲ့ရာ ရေဘေးသင့် အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၄) အိမ်ထောင်စာနှင့် လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂၆,၀၀၀ိ/-) ကျပ်တို့အား (၅-၆-၂၀၁၈) (၁ရး၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#shn_jun2018

Sign Up

Upcoming Events