
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈)ရက်နေ့ (၁၀း၄၀)နာရီအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်နန်းရပ်ကွက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲ၍ ပိမိကာ ဒဏ်ရာရရှိသည့် လူနာ(၃)ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀ိ/-)ကျပ်စီ စုစုပေါင်း (၁၅၀၀၀၀/-)ကျပ်တို့အား (၇-၆-၂၀၁၈)နေ့ (၁၄း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_may2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)