မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေချောင်း(ချောင်း) လျှပ်တပြတ်ရေဘေး ထောက်ပံ့မှုသတင်း

7_Pic_01 7_Pic_02 7_Pic_03 7_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ  တာဝန်ရှိသူများသည် (၇-၆-၂၀၁၈)ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်အံ့မောင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ အနာဂတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးရဲထွဋ်၊ ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်းနှင့် လူမှုကူညီရေးအသင်းများ၊ ဒေသခံပြည် သူများနှင့်အတူပူးပေါင်း၍ ဘေးထိခိုက်ခံစားရနိုင်သည့် လူနေအိမ်များအား ဘေးလွတ်ရာနေရာများသို့ ဝိုင်းဝန်းရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်၊၊
အဆိုပါ လျှပ်တပြတ်ရေဘေးကြောင့် ရေထဲမျှောပါပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ ဘေးသင့်လူဦးရေ (၃၂)တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၆၇၂၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးတို့အား (၇-၆-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mgy_jun2018
Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events