လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၁၈) ရက်နေ့၌ မြန်အောင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၁၇) စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေး ဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၇၈) လုံး၊ အမိုးလန်အိမ်ခြေ (၈၂၄) လုံး၊ အိမ်ထောင်စု (၉၀၂) စု၊ လူဦးရေ (၃၂၇၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၈၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၈၈၁၇၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၇) ကျောင်းအတွက် (၇၀၀၀၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၈၄၂၁၇၀၀) ကျပ်တို့အားလည်းကောင်း၊ (၂၉.၅.၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်အတွင်းရှိ ကျွဲတဲကုန်းကျရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၈၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၄၆၈၀၀) ကျပ် ၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့ကို (၇-၆-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)