Category Archives: News
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာ အုပ်စု၊ ဓနုံးတောင်ရပ်ကွက်၌၊ (၁၆-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၈-၆-၂၀၁၈)ရက်နေ့၊ (၁၅း၂၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးး၊လွတ်တော်ကိုယ်စားလှယ်၊ ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018
-
ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကသာမြို့နယ် ပုလွေရွှေကျေးရွာအုပ်စု ရေလည်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ် ပုလွေရွှေကျေးရွာအုပ်စု ရေလည်ကျွန်းကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၆)အိမ်ထောင်စာ ဆန်ရိက္ခာဖိုး (၉၂၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-) တို့ကို (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ပခန်းငယ်ကျေးရွာ အုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာတို့တွင် (၁၆/၁၇-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၂၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၀၉၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၇၇၀၉၀၀ိ/-)(ကျပ်နှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းကိုးရာတိတိ)တို့အား (၁၈-၆-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးကျော်အံ့မောင်၊ ရေစကြိုမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးအောင်မြင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အိုးဘိုလေးကျေးရွာ၊ ကျောတန်းကြီးကျေးရွာ၊ အိုးဘိုကျေးရွာ၊ သံလျှက်စွန်းကျေးရွာ၊ ဆိတ်ကြီဒကျေးရွာ၊ လင်းတာကျကျေးရွာ၊ မြောက်ပန်းကုန်း ကျေးရွာ၊ အမှတ် (၃) ရပ်ကွက်တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်လေးပင်ကျေးရွာအုပ်စု၊ ထိန်လေးပင်ကျေးရွာ မိုးကြိုးဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်လေးပင်ကျေးရွာအုပ်စု၊ ထိန်လေးပင်ကျေးရွာ၌ (၁၆-၆-၂-၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၁၈-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် ပေါင်မြို့နယ် ၊ မုတ္တမကျေးရွာ အုပ်စု၌ (၁၇-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျအိမ်ထောင်စု (၃) စုအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် (၂) အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ စုစုပေါင်း (၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ … Read more
-
ရေဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက် အ.ထ.က (ခွဲ) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၄၀) ဦးခန့်အား ရေဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ar _fld # ar _eqk
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ ကြည့်ရှု ထောက်ပံ့မှုများဆောင်ရွက်
==================================================== မော်လမြိုင်၊ ၁၈-၆-၂၀၁၈———- မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နေရာအနှံ့အပြားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုပိုမိုများပြားလာပါကြောင်း၊ သဘာဝဘေးမဖြစ်နိုင်သော နေရာဟူ၍ မရှိနိုင်သဖြင့် ကြိုတင်ကာကွယ် သတိရှိရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးနှစ်စဉ် ပုံမှန်ဖြစ်နိုင်သည့်နိုင်ငံဖြစ်လာပြီး ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှု … Read more
-
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနှင့် တွင်းလည် ကျေးရွာအုပ်စု၊ တွင်းလည်ကျေးရွာတို့တွင် (၈-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံး၊ လူဦးရေ (၂၂) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀ိ/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ … Read more
-
ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာအုပ်စု၊ ကာပရူကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာအုပ်စု၊ ကာပရူ ကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံံ့ငွေ (၁၀၄,၂၀၀ိ/-)ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #kyh_jun2018









