ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အိုးဘိုလေးကျေးရွာ၊ ကျောတန်းကြီးကျေးရွာ၊ အိုးဘိုကျေးရွာ၊ သံလျှက်စွန်းကျေးရွာ၊ ဆိတ်ကြီဒကျေးရွာ၊ လင်းတာကျကျေးရွာ၊ မြောက်ပန်းကုန်း ကျေးရွာ၊ အမှတ် (၃) ရပ်ကွက်တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၇) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-) ကျပ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ဆင့်ကူးကုန်း ကျေးရွာတွင် (၁၅-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ငဝန်ဒေါင့်ကြီး ကျေးရွာအုပ်စု၊ ငဝန်ဒောင့်ကြီးကျေးရွာတွင် (၁၆-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၇) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-) ကျပ်၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာ တွင် (၁၇-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုုဘေးကြောင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ပြောင်းရွေ့နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၁၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၄၉,၉၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၄၉,၉၀၀ိ/-) ကျပ်တို့အား (၁၈-၆-၂၀၁၈) ရက်နေ့ (၁၂း၄၉) နာရီအချိန်တွင်
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_rbe
#ayy_jun2018

Sign Up

Upcoming Events