မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနှင့် တွင်းလည် ကျေးရွာအုပ်စု၊ တွင်းလည်ကျေးရွာတို့တွင် (၈-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံး၊ လူဦးရေ (၂၂) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀ိ/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၄၆,၂၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့အား (၁၈-၆-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးSource: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_jun2018

Sign Up

Upcoming Events