
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ပခန်းငယ်ကျေးရွာ အုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာတို့တွင် (၁၆/၁၇-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၂၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၀၉၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၇၇၀၉၀၀ိ/-)(ကျပ်နှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းကိုးရာတိတိ)တို့အား (၁၈-၆-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးကျော်အံ့မောင်၊ ရေစကြိုမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးအောင်မြင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)