===================================================
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ် ပုလွေရွှေကျေးရွာအုပ်စု ရေလည်ကျွန်းကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၆)အိမ်ထောင်စာ ဆန်ရိက္ခာဖိုး (၉၂၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-) တို့ကို (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။