Category Archives: News
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေရွာ လေးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေရွာ၌ (၂၂-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၅၀၀၀) ကျပ်အား (၂၈-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီး/ရေလျှံမှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့မှုများ အပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် ၂၈ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီး/ရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့်ပတ်သက်၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ တို့ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကိုစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာန (၂) … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထက်တန်းကျောင်း သာဓုခန်းမ၌ “မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထက်တန်းကျောင်း သာဓုခန်းမ၌ “မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/သူများ၊ ရပ်သူရွာသားပြည်သူလူထုအင်အား (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးတို့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဇွန် ၂၈ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa သည် ယနေ့နံနက် တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနတွင် ကိုရီးယားနိုင်ငံမှ စေတနာ့ဝန်ထမ်းများ ပူးတွဲတာဝန်ထမ်းဆောင်မှုများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာဆီယံနှင့်ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံမှ ပါဝင်ကူညီမှုများ၊ မြန်မာ နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်၊ UNHCR၊ UNDP အဖွဲ့တို့နှင့် မြန်မာ နိုင်ငံအစိုးရမှ နားလည်မှုစာချွန်လွှာရေးထိုးနိုင်မှု၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ပြည်သူလူထု (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jun2018
-
ရွှေတံငါချောင်းရေတိုက်စား ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်မြို့နယ်၊ လဲကျေးရွာအုပ်စု ခုံကြီး ကျေးရွာ၌ (၂၀-၆-၂၀၁၈) ရက်နေ့တွင် ရွှေတံငါချောင်းရေတိုက်စားကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်အား (၂၈-၆-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jun2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၃) ရွာတို့၌ (၁၀-၆-၂၀၁၈)ရက်နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁) အိမ်ထောင်စာ၊ (၁၀၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁) အိမ်ထောင်စာ၊ ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၃) ရွာတို့၌ (၉-၆-၂၀၁၈) ရက်နေ့မှ (၁၃-၆-၂၀၁၈) ရက်နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲအိမ်ခြေ (၂၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၉) သိန်း၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၁၅) … Read more
-
ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့တွင် ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းအား ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၃၀၀)ဦးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_fld #sgg_jun2018 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၈) ရွာတို့၌ (၉-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ဘေးသင့်လုံးဝပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁) အိမ်ထောင်စာ၊ (၁၀၀,၀၀၀ိ/-)ကျပ် နှုန်းဖြင့် (၆) အိမ်ထောင်စာ၊ … Read more









