
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈) ရက်နေ့၊ (၁ဝး၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု ဂွေးချောင်းကြီးကျေးရွာ School cam Shelter ၌ မုန်တိုင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ဘိုကလေးမြို့မှ မြို့နယ်မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ arche noVa အဖွဲ့၊စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုအဖွဲ့၊ မြန်မာ့နှလုံးသား လူမှုဖွံ့ဖြိုးမှုအဖွဲ့၊ ၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျေးရွာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများ၊ ဆရာ/မများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၅၀) ဦးခန့် စုပေါင်းပါဝင်တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#simex_str
#ayy_jul2018