===================================================
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့၌ (၁၂-၇-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်နှင့် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကွေ့ထောင့်ကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၂၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-)၊ ဇယမကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း (၇၆၇၂၀၀ိ/-) ကျပ်အား (၁၃-၇-၂၀၁၈) ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။