ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

14 Pic 01

14 Pic 02

===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၂)စု၊ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၂) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၄၁၄၂၀၀) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events