လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ (School cam Shelter) ၌ ဘိုကလေးမြို့မှ မြို့နယ် မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ CSO အဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_jul2018