===================================================
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုကြောင့် ရေဆိုးရေညစ်များဝင်ရောက်ခဲ့သည့် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ရှိ ရေတွင်းရေကန်များအတွင်း ရေသန့်ဆေးများ ထည့်ရန်အတွက် (၁၄-၇-၂၀၁၈) ရက်နေ့တွင် ရေသန့်ဆေးထုပ် (၁၀၅၆၀) ထုပ်အား မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ကြောင်း သိရှိရပါသည်။