===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
====================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာအုပ်စုနှင့် မန်းကလဲ့ငုတောကျေးရွာအုပ်စုတို့၌ (၁၂-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀ိ/-)နှင့် ဘေးသင့်ပြည်သူ (၂၂) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၄၆၂၀၀ိ/-)၊ အမိုးလန်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်းစက္ကူပုံးပါ(၁၁)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ိ/-)၊ လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ(၁၂၆၀၀ိ/-) စုစုပေါင်းရန်ပုံငွေ(၆၀၈၈၀၀ိ/-)အား (၁၄-၇-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။