Category Archives: News
-
ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်နှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၁၈)ရက်နေ့မှ (၁၈.၇.၂၀၁၈)ရက်နေ့အထိဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၉၅)လုံးမှ အိမ်ထောင်စု(၂၀၆)စုမှ လူဦးရေစုစုပေါင်း (၁၀၄၁)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ (၂,၁၈၆,၁၀၀/-)ကျပ်အား (၁၉.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀) နာရီချိန်တွင် ထောက်ပံ့ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီးပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့ အိမ်ထောင်စုများမှလူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လှိုင်းပုတ်ခတ်မှုကြောင့် စက်လှေနစ်မြုပ်ရာမှ သေဆုံးသူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကမ်ပုံမာတမ်းကျေးရွာ၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် လှိုင်းပုတ်ခတ်မှုကြောင့် စက်လှေနစ်မြုပ်ရာမှ လူ (၂) ဦးသေဆုံးခဲ့ခြင်းအတွက် (၁) ဦးလျှင် (၃၀၀၀၀၀ိ/) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၀၀၀၀ိ/) ကျပ်အား (၁၉-၇-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၁၅) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #tny_july2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေး ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၁၈)ရက်နေ့ နံနက် (၀၈း၃၀)နာရီမှ (၁၆း၃၀)နာရီထိ၊ မိုင်းယန်းမြို့နယ် ထွေ/အုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းယန်းမြို့နယ် လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကော်မတီ ဝင်များနှင့် မြို့မိ၊ မြို့ဖ စုစုပေါင်း (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိခြင်းနှင့် ထောက်ပံ့မှု ဆောင်ရွက်လျက်ရှိခြင်း
၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၉) ရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီး ရေလျှံမှုများဖြစ်ပွားလျှက်ရှိရာ ဇူလိုင်လ (၁၉)ရက်နေ့ အခြေအနေအရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်မှ အိမ်ထောင်စု (၂၀၆) စု၊ လူဦးရေ (၁၀၄၁)ဦးနှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှ အိမ်ထောင်စု (၃၄)စု၊ လူဦးရေ (၁၉၈)ဦးတို့ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကာ ဆက်လက်ပြောင်းရွှေ့နေရကြောင်းသိရှိရပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ … Read more
-
မြေပုံမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်တွင်း င/ခူ ချောင်းကျေးရွာတွင် (၁၇ – ၇ – ၂၀၁၈) ရက်နေ့ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောနေအိမ် (သွပ်မိုး/ဓနိမိုး/ဝါးထရံကာ) (၂၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄၆၀,၀၀၀) ကျပ်၊ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး/ ဓနိမိုး/ ဝါးထရံကာ) (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၂၂) … Read more
-
ပြည်သူ့အကျိုးအတွက် ပြည်သူက ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
ရန်ကုန်၊ ဇူလိုင် ၁၉ ရေချိုရရှိရေး အခက်အခဲကြုံတွေ့နေရသော ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေးရွာရှိ ပြည်သူများ အတွက် စက်ရေတွင်းတူးဖော်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအလှူငွေပေးအပ်လှူဒါန်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် “ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေရွာရှိ ပြည်သူ များအနေဖြင့် နှစ်စဉ်ရေရှားပါးမှုနှင့် ရေချိုရေသန့်သောက်သုံးရန်အတွက် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခုလိုလှူဒါန်းမှုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်တွင် အမှန်တကယ်အသုံးပြုသဖြင့် … Read more
-
ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၈) ရက်နေ့ (၁၃း၃၀) ချိန်တွင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင်၊ ဒုံသမိချောင်း မြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ကင်းသည့် တပ်ဦးဘုန်တော်ကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံတို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၉၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၄၁၅၈၀၀ိ/-) ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဒေါ်ခိုင်ခိုင်လဲ့တို့နှင့်အတူ (၁၉-၇-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more
-
မြေပြိုဘေး ထောက်ပံ့ပေးနေမှုသတင်း
(၁၈.၇.၂၀၁၈)ရက်နေ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခဲ့ရာ အပြိုင်ကျေးရွာ အောင်မင်္ဂလာသုခဓမ္မဘုန်းတော်ကြီးကျောင်း အနောက်ဘက်အဆောင်တစ်စိတ်တစ် ပိုင်းပျက်စီးခဲ့သည့်အတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)အား (၁၉.၇.၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
(၁၇.၇.၂၀၁၈) ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုဘေးသင့်ခဲ့သော နေအိမ်ပြိုလဲ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-) အဆိုပါအိမ်ထောင်စု (၅) စုမှ ဘေးသင့်လူဦးရေ (၃၅) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၇၃၅၀၀ိ/-) စုစုပေါင်း ငွေကျပ် (၅၇၃၅၀၀ိ/-) နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးစီကို (၁၉.၇.၂၀၁၈) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jul2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု ဆားမလောက်ကျေးရွာတွင် (၆.၇.၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-) လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၁၀၀ိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂၁၀၀ိ/-) အား (၁၈.၇.၂၀၁၈) (၁၀း၀၀) နာရီချိန်တွင်လည်းကောင်း၊ ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ကျောင်းစုနှင့် ရွှေဖလားကျွန်းကျေးရွာတို့တွင် (၁၈.၆.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် နေအိမ် … Read more









