ရေဘေးရှောင်စခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

27Pic_02 27Pic_03 27Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှတာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈) ရက်နေ့၊ ည (၁၉း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ ကျွန်းတောရေဘေးရှောင်စခန်းရှိ ပြည်သူများထံသို့ သွားရောက်အားပေးနှစ်သိမ့်ပေးခြင်းနှင့်

ဘုရားကြီးဘုန်းကြီးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရေပူ)နှင့် သာသနာ့ဝေပုလ္လရေဘေးရှောင်စခန်းများရှိ ရေဘေးသင့် အိမ်ထောင်စု (၄၇) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၀၅,၃၀၀ိ/-) ကျပ်နှင့် ကြက်ဥ (၂၃၅) လုံး၊ ရေသန့် (၃၈၆) ဘူး၊ ဆီ (၄၇) ဘူး၊ ငါးသေတ္တာ (၁၄၁) ဘူး၊ ခေါက်ဆွဲခြောက် (၃၈၆) ထုပ်အားလည်းကောင်း၊

ဆန်ရိက္ခာနှင့် ရေသန့်ဘူး ထောက်ပံ့ပြီးသော စခန်းများဖြစ်သည့် အမှတ် (၅) ရပ်ကွက် ကျွန်းတောဈေး၊ အမှတ် (၄) ရပ်ကွက်ကျောက်ဖျာဓမ္မာရုံ၊ အမှတ် (၂) ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူကျေးရွာ အလယ်တန်းကျောင်းနှင့် ဖားခြောက်ကောင်ဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်းတို့၌ရှိသော ဘေးသင့်ပြည်သူ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁၃၂၅) ဦးအတွက် ငါးသေတ္တာဘူး (၁၁၉၇) ဘူး၊ ကြက်ဥ (၁၉၉၅) လုံး၊ ခေါက်ဆွဲခြောက် (၂၆၅၀) ထုပ်၊ ဆီ (၃၉၉) ဘူးအားလည်းကောင်း၊

စုစုပေါင်း ရေဘေးရှောင်စခန်း (၁၀) ခုမှ အိမ်ထောင်စု (၄၄၆) စု၊ လူဦးရေ (၁၅၁၈) ဦး အတွက် စုစုပေါင်းဆန်ရိက္ခာဖိုး (၄၀၅,၃၀၀ိ/-) ကျပ်၊ ရေသန့် (၃၈၆) ဘူး၊ ငါးသေတ္တာ (၁၃၃၈) ဘူး၊ ကြက်ဥ (၂၂၃၀) လုံး၊ ခေါက်ဆွဲခြောက် (၃၀၃၆) ထုပ်၊ ဆီ (၄၄၆) ဘူးတို့အား ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_fld

#krn_july2018

Source:         မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events