မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်နေမှုသတင်း

28_Pic_01
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၈.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ကျင်းပလျက်ရှိပြီး အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ပြီး လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ထပ်မံဆောင်ရွက် ပေးရန်ရှိသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

#vp
#npw_jul2018
Source – MSWRR

Sign Up

Upcoming Events