Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီမှ (၁၄း၃၀)အချိန်ထိ လယ်ဝေးမြို့နယ်၊ စည်ပိုင်းကြီး ကျေးရွာအုပ်စု၊ စည်ပိုင်းကြီးကျေးရွာစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာသူ၊ ကျေးရွာသား (၈၅)ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ ပျဉ်းမနားမြို့နယ်အတွင်း ကျွန်းဦးကျေးရွာ အုပ်စု၊ ကျွန်းဦးကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ဖိုးငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၃.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ဲ ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ(၁)လစာ ဒုတိယအကြိမ် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာရှိ စခန်း(၄)ခုနှင့် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၀၁)စု၊ လူဦးရေ(၁၃၅၃)ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ (၂၃.၇.၂၀၁၈)ရက်နေ့တွင် အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေး၍ တန်ဖိုးငွေကျပ် (၁၆,၇၄၇,၈၇၅/-)ရှိ ဆန်၊ဆီ၊ဆား၊ ပဲ (၁)လစာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jul2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ညောင်ကျေးရွာအုပ်စုတို့၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂) လုံး၊ နေအိမ်အဆောင် (၅) လုံး၊ အိမ်ထောင်စု (၅၅) စုမှ လူဦးရေ (၂၁၅) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၅၁,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၁,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) … Read more
-
မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ မြေပြိုဘေး ကြောင့် သေဆုံးသူ(၂)ဦးအတွက် ရန်ပုံငွေ(၆၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ(၁)ဦးအတွက် ရန်ပုံငွေ(၅၀၀၀၀/-)ကျပ်၊ ပြိုကျနေအိမ် (၁)အိမ်ထောင် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ Shelter Kit ပစ္စည်း(၅)မျိုးပါ (၁)စုံ၊ (မိုးကာတဲ(၆)ဦးဆံ့(၁)လုံး(ငှားရမ်းခြင်း))နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း(၇၅၆၃၀၀/-)ကျပ်တို့အား (၂၁.၇.၂၀၁၈)ရက်နေ့ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #kyh_jul2018 Source: … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ဗောဓိကုန်းကျေးရွာနှင့် ဒေါင့်မှန်ကုန်းကျေးရွာတို့၌ (၁၆.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ (၈၀)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂,၀၅၉/-)ကျပ်၊ ပစ္စည်း၁၁မျိုး (၁၆)ပုံး (၂၉၆,၁၆၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈,၀၀၀/-)ကျပ်၊ … Read more
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း (၁၀) ခုရွိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇) ရက်စာအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
=================================================== Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လှိုင်းဘွဲချောင်း၊ ပိုင်ကျုံချောင်းနှင့် ရွှေဂွန်းကျေးရွာများ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် လှိုင်းဘွဲမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၁၀) ခုဖွင့်လှစ်၍ အိမ်ထောင်စု(၂၅၂)စု၊ လူဦးရေ(၁၂၇၈) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး (၂၃-၇-၂၀၁၈) ရက်နေ့တွင် အဆိုပါရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၇) ရက်စာ ကျသင့်ငွေ (၂၆၈၃၈၀၀ိ/-) အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ အောင်မိုးဟိန်းကျေးရွာ၌ (၂၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၀,၀၀၀) ကျပ်အား (၂၃-၇-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၃၀) အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲကြောင်း သတင်းရရှိ ပါသည်။ #ha_sgw #bgo_july2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး … Read more
-
လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈) ရက်နေ့ (၁၀း၀၀~၁၁း၃၀) နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသား (၁၃၀) ဦးအား လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။









