သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

31Pic_01 31Pic_02

ပြည်နယ်လွှတ်တော်ဦးထွန်းမင်းအောင်၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့သည် ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကင်းရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက် လာမှုကြောင့် ယာယီပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၂၁၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၄၁,၀၀၀ိ/-) ကျပ်၊ ခေါက်ဆွဲခြောက် (၄၂၀) ထုပ်နှင့် ငါးသေတ္တာ (၉၉) ဘူးတို့အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_july2018

Source:         မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events