ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

31_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ တွင် (၃၀.၇.၂၀၁၈)ရက်နေ့(၁၂း၃၅) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၁,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၇၇၁,၄၀၀ိ/-)ကျပ်တို့အား (၃၁.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_rbe
#mgy_jul2018
Source:  ရေစကြိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events