
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၈) ရက်နေ့တွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအထိ စစ်တွေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂၀)ဦးတို့အား မိုးကြိုးဘေးအန္တရာယ်ဟောပြောဆွေးနွေး ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ နံရပ်ကပ်ပိုစတာများနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_tls
#rke_jul2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)