ရန်ကုန်မြောက်ပိုင်းခရိုင်၊ အဖျောက်မြို့အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

31_Pic_01 31_Pic_02 31_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၇.၂၀၁၈)ရက်နေ့တွင် တိုက်ကြီးမြို့နယ် ၊အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင် ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ရေပြန်ကျေးရွာနှင့် မဲသောင်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့သည့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၆၃)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၁,၇၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၃၂၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇)အိမ်ထောင်စုစာတို့အား (၃၁.၇.၂၀၁၈)ရက်နေ့ တွင် ရေပေါ်သောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ygn_jul2018
Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events