လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ညောင်ချောင်းပွေးစုကျေးရွာအုပ်စု၊ မဒေါ့ချောင်းကျေးရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ လူဦးရေ (၈) ဦး ဘေးသင့်ခဲ့ရာ
အဆိုပါဘေးသင့်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုံအား မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမ၌ (၃၁-၇-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_july2018
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)