
နေပြည်တော်၊ ၃၁.၇.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သြစတြေးလျနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ သန်း(၇၀) လှူဒါန်းရန်ကိစ္စ၊ ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာလိုသည့်ကိစ္စများ၊ UNHCR ၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ထားသော နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖေါ်မည့်လုပ်ငန်းကိစ္စများ၊ မလိုအပ်သော အခြေအနေတွင် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်ရေးဆောင်ရွက်နေမှုများ၊ မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ နေရပ်ရွေ့ပြောင်းသူများနိုင်ငံတွင်း အဆင်ပြေစွာပြန်လည်နေရာချ နေထိုင်နိုင်ရေး၊ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_jul2018
Source: MSWRR