Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၄-၇-၂၀၁၈)ရက်နေ့၊ နံနက် (ဝ၉း၃၀)နာရီမှ (၁၆း၃၀)နာရီအထိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် သင်တန်းသား(၄၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး အသိပညာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကံမမြို့နယ်၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာ၌ မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာ၌ (၂၁.၇.၂၀၁၈) ရက်နေ့၊ (၁၆း၁၅) နာရီအချိန်တွင် မင်းတုန်း ချောင်းရေတိုက်စားမှုကြောင့် ဘေးသင့်ခဲ့သည့်နေအိမ်(၅)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၅)စု၊ လူဦးရေစုစုပေါင်း(၂၂)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၆၂၀၀ိ/-)၊ နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၅၄၆၂၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထာင်စာတို့အား (၂၄-၇-၂၀၁၈) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော/ယွန်းတန်း/ကြာနီကန်ရပ်ကွက် ၃ ခုနှင့် မင်းတဲကျွန်းကျေးရွာအုပ်စုတို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှု (ရေဘေး) ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော/ယွန်းတန်း/ကြာနီကန်ရပ်ကွက် ၃ ခုနှင့် မင်းတဲကျွန်းကျေးရွာအုပ်စုတို့၌ (၂၀-၇-၂၀၁၈) ရက်နေ့မှ (၂၃-၇-၂၀၁၈) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှု (ရေဘေး) ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော (၄၂) အိမ်ထောင်စုမှ လူဦးရေ(၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ ၇ ရက်စာဖိုးစုစုပေါင်းရန်ပုံငွေ (၃၃၆၀၀၀ိ/-) ကို (၂၄-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ရာ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ ချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ပေဝက် ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ပွင့်ဖြူမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာတွင် (၆-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းပြောင်းရွှေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ အလူဇင့် (၇)ပေ သွပ်(၁၅၀)ချပ်တို့အား (၂၃-၇-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgw_jul2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မိုးညိုမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း (၃) ခုမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ် ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ(၄)ရွာတို့၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့ မြင့်တက်မှုကြောင့် မိုးညိုမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၈၈)စု လူဦးရေ(၆၇၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး (၂၄-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် တစ်ဦးလျှင် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်ဖိုးထောက်ပံ့ငွေ (၁၄၁၅၄၀၀) ကျပ်အား မိုးညိုမြို့နယ် … Read more
-
အင်္ဂပူမြို့နယ်အတွင်း ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ- ခွေးတောက်ချောင်းကျေးရွာအုပ်စု ကျေးရွာခွဲ (၃) ရွာ၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းကြရသော အိမ်ခြေ(၂၃)လုံးမှ အိမ်ထောင်စု (၂၃) စုအတွက် အိမ်ဆောက်ပစ္စည်း (၂၃၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂၃) အိမ်ထောင်စာကိုလည်းကောင်း၊ စစ်ကုန်းကျေးရွာအုပ်စု ကျေးရွာခွဲ (၃)ရွာ၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းကြရသော အိမ်ခြေ(၂၂)လုံးမှ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မက္ကသင်းကျေးရွာအုပ်စု ဇီးပင်စုကျေးရွာနှင့် ချမ်းသာကြီးကျေးရွာအုပ်စု ချမ်းသာကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၉,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေ (၁၆၀,၄၆၄/-)ကျပ်တို့အား (၂၃.၇.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဘီးလင်းမြို့နယ်အတွင်းရှိ လိပ်ခုံးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်းရှိ လိပ်ခုံးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာတို့၌ (၂၂-၇-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် လူနေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံး စုစုပေါင်းလူနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၁၅၀၀၀ိ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်(၇) ရက်စာဖိုးငွေ (၂၇၃၀၀ိ/-)၊ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၂၀.၇.၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်နှင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၂၃.၇.၂၀၁၈)ရက်နေ့ (၁၁း၄၅)နာရီအချိန်တို့၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆) လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၆)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၅၄၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၆၅၄၆၀၀/-)ကျပ်တို့အား (၂၃.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more









