၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့မှ (၁၃)၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့မှ (၁၃)ရက် နေ့အထိ မန္တလေးတက္ကသိုလ်၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင်အမျိုးသမီးအဖွဲ့များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နေ့လည် (၁၃း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေး တိုင်း ဒေသကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ လူငယ်များအား ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်လာစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ လူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီး ကိုယ်စားလှယ်များ၊ မသန်စွမ်း လူငယ်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါလူငယ်ရေးရာမူဝါဒအရ အမျိုးသမီး ငယ်ရွယ်များ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်းတို့အားအကာအကွယ်ပေးနိုင်မှုတို့အတွက် အမျိုးသမီးများ နှင့် မူးယစ်ဆေးဝါး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်းရေး ၊ မျိုးဆက်ပွားနှင့် ကျန်းမာရေး ကဏ္ဍများနှင့် ပတ်သက်၍ ပြခန်းများ၊ ပြဇာတ်များ အပါ အဝင်အမျိုးသမီးငယ်ရွယ်များ မိမိဘဝ တန်ဖိုးထား နိုင်ရေးဆွေးနွေးပွဲများ၊ အမေးအဖြေကဏ္ဍများ ပါဝင်ဆောင်ရွက်ရန်ညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ ဖြစ်သော ဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံး များမှဦးစီးမှူးများ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် (၆၆)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
#h1l
#npw_jul2018
Source: MSWRR