လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ များ တွင် (၂၆-၇-၂၀၁၈) ရက်နေ့မှ (၂၉-၇-၂၀၁၈) ရက်နေ့အထိ ထပ်မံဖြစ်ပွားခဲ့သည့် တနင်္သာရီမြစ်ရေ မြင့်တက် လာမှုကြောင့် ထပ်မံပြောင်းရွှေ့အိမ်ခြေ (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၆၀) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၃၃၆,၀၀၀ိ/-) ကျပ်တို့အား (၃၁-၇-၂၀၁၈) ရက်နေ့၊ (၁၆း၅၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_aug2018