သာပေါင်း‌မြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာနှင့် သရက်ကုန်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

1 Pic 01

===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်း‌မြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)ပုံး (၃၇၃၅၃ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၄၂၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀ိ/-)နှင့် သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)ပုံး (၁၈၅၁၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၄၂၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၅၄၂၀၀ိ/-)တို့အား (၃၁-၇-၂၀၁၈) ရက်နေ့ (၁၄း၄၇) နာရီ‌အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events