
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ရေမြင့်တက်မှု ကြောင့် ဘားအံမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၁၆)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၁၄၂၄)စု လူဦးရေ (၆၈၅၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၄,၃၉၇,၆၀၀/-)ကျပ်အား (၃၁-၇-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#krn_jul2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)