
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာအုပ်စု၊ စွယ်တော်လမ်း၊ ရှင်ကြီးမော်ပိုင်းတွင် (၃၀-၇-၂၀၁၈)နေ့ (၀၈း၀၀) နာရီအချိန်၌ တောင်စောင်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ် (၅)လုံး ပျက်စီး ခဲ့ပြီး လူ (၅)ဦး သေဆုံးသွားခဲ့ကာ (၁)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၉)လုံးမှ အိမ်ထောင်စုများကိုလည်း ဘေးလွှတ် ရာနေရာသို့ ရွှေ့ပြောင်းပေးထားပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၆)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အသုံး အဆောင်ပစ္စည်းများအားလည်းကောင်း၊ ပြိုကျပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေအားလည်းကောင်း၊ သေဆုံးသူ (၅)ဦးအတွက် တစ်ဦးလျှင် သုံးသိန်းနှုန်း၊ ဒဏ်ရာရရှိသူတစ်ဦးအတွက် ငါးသောင်းနှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂,၆၉၉,၁၀ိ/-) (နှစ်ဆယ့်ခြောက်သိန်းကိုးသောင်း ကိုးထောင်တစ်ရာတိတိ) ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_lsd
#tny_jul2018
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)