Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျးရွာအုပ်စု၊ လေးတိုင်စင်ကျးရွာတွင် (၂၀.၇.၂၀၁၈)ရက်နေ့နှင့်(၂၂.၇.၂၀၁၈)ရက်နေ့တို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွှတ်ရာရွှေမုဌောဘုရားဝန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ခြေ(၁၄)စု၊ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ စုစုပေါင်း(၆၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၂,၃၀၀/-)ကျပ်နှင့် ထုံးတောင်ကျေးရွာအုပ်စုအတွက် ရေသန့်ဆေးထုပ် (၃၀၀၀)ထုပ်တို့အား (၂၄.၇.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာအုပ်စု ထန်တောကြီးကျေးရွာ၌ (၁၈-၇-၂၀၁၈) ရက်နေ့၊ (၂၀း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် မိုးကြိုးထိမှန်ကာ ညာဘက်ပါးတခြမ်းထိခိုက်ဒဏ်ရာရရှိခဲ့သူ အဘ ဦးမောင်ငယ်၏ သမီး မအောင်မြတ်မွန် [အသက်(၂၂)နှစ်] ထံသို့ ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) အား (၂၄-၇-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၂၄.၇.၂၀၁၈)ရက်နေ့ (၁၁း၁၅)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်း ပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၃၉၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)စုစုပေါင်း (၃၃၉၉၀၀ိ/-)ကျပ်တို့အား (၂၄.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦး၏ မိသားစုထံ ထောက်ပံ့မှုသတင်း
=================================================== Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ် အလမျိုးကျေးရွာအုပ်စု ချောင်ဖျားကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦး၏ မိသားစုထံ ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-) တိတိအား (၂၄-၇-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄) ရွာ၌ မြစ်မခမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄) ရွာတို့၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၃)အိမ်ထောင်စာ၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ဖိုး (၂၁၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၃)လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး (၉၁၈၀၀ိ/-) ကိုလည်းကောင်း၊ … Read more
-
သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
(၂၂-၇-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၈) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၉၂၂) စု၊ လူဦးရေ (၄,၈၄၃) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈) ရက်နေ့တွင် အဆိုပါပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀,၁၇၀,၃၀၀ိ/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_july2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လက်ပန်နန်း ခလဲ ကျေးရွာ အုပ်စု၊ နန်းခလဲကျေးရွာနှင့် စပါယ်ချောင်းကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျ ပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၃၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့် ပြည်သူများထံ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၃၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၇၁၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၂) အိမ်ထောင်စုစာတို့အား (၂၄.၇.၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2018 … Read more
-
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဓနိမိုးထရံကာအိမ်(၁)လုံး နှင့် ဓနိမိုး၊ ပျဉ်ကာ(၃)လုံး စုစုပေါင်းအိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ ဘေးသင့်လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉) ပြည် (၆) ဗူး တန်ဖိုး(၂၉၇၅၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more









