လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်း၌ (၂၀-၇-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝပြိုလဲပျက်စီး (သစ်-၁၃ လုံး) (ဝါး-၁၉) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၀၆၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄၇၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၉၉,၆၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈,၁၀၉,၆၀၀ိ/-)ကျပ်တို့အား(၂၅-၇-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_aug2018