===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အောက်ရွာကျေးရွာအုပ်စု၊ ကျားကျွန်းကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသော စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၉၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၂၅)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၉၁၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၆၉၁၁၀၀) ကျပ်ကိုလည်းကောင်း (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကျုံရှကျေးရွာ စာကြည့်တိုက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။