ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

1 Pic 07

1 Pic 08

===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊  မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိ တာအနီးမှ (၂၅-၇-၂၀၁၈) ရက်နေ့ ရွှေ့ပြောင်းခဲ့သော အိမ်ခြေ/အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၅၂)ဦးနှင့် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ (၂၄-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့်အိမ်ခြေ(၂)လုံး၊ လူဦးရေ(၉)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၁၆၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၆၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၈၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၃၉၈၁၀၀) ကျပ်ကိုလည်းကောင်း (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events