သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးကြီးကြပ်မှုအဖွဲ့နှင့် ပူးပေါင်း၍ (၁-၈-၂၀၁၈) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ လတာကျေးရွာအုပ်စု၊ လတာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၅၈) ဦးရှိကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_aug2018

Sign Up

Upcoming Events