
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်း၌ (၁၅-၇-၂၀၁၈) ရက်နေ့မှ (၂၂-၇-၂၀၁၈) ရက်နေ့အထိ ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၇၃) လုံး၊ အိမ်ထောင်စု (၇၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၀၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၂၇၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက် စာ (၅၇၉,၆၀၀ိ/-) ကျပ်တို့အား (၂၆-၇-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_aug2018