ရေဝင်ရောက်သော ကျေးရွာများအတွက် ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း

1Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်မြို့နယ်၌ နှစ်စဉ်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သောကျေးရွာ (၁၀) ရွာတို့အတွက် ရေသန့်ဆေး (၇၀၀၀) ထုပ်အား (၃၁-၇-၂၀၁၈) ရက်နေ့အချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#ayy_july2018

Source:         သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events