Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာတွင် (၃၀-၇-၂၀၁၈) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၂) ဦးတို့အတွက် ဆန် ရိက္ခာဖိုး (၄,၂၀၀) ကျပ်၊ (၁) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၄,၂၀၀) ကျပ်ကို ( ၂-၈ -၂၀၁၈) ရက်နေ့တွင် … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၃၀-၇-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၇) အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၇၇,၇၀၀ိ/-) ကျပ်တို့အား( ၁-၈-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ အေးရွာ၌ (၂၄-၇-၂၀၁၈) ရက်နေ့နှင့် (၃၀-၇-၂၀၁၈) ရက်နေ့တို့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၄၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၉၀,၃၀၀ိ/) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၉၀,၃၀၀ိ/-) ကျပ်တို့အား … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၃.၈.၂၀၁၈၊ နေပြည်တော် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အပါတ်စဉ် ၁၉၇၄-၁၉၈၂ ဆေးတက္ကသိုလ်(၁) ကျောင်းသား/သူများမှ အလှူငွေကျပ် (၁၆၃) သိန်း နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနှင့် ဝန်ထမ်းမိသားစုများမှ အလှူ ငွေကျပ်(၂၃)သိန်းကို သြဂုတ်လ (၂)ရက်နေ့တွင် လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_aug2018
-
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအလွဲသုံးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့နှင့် ကုသရေးလုပ်ငန်းအဖွဲ့ မူဝါဒဆိုင်ရာ အစည်း အဝေးကျင်းပခြင်း
နေပြည်တော် ၊ ၂.၈.၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအလွဲသုံးမှုအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့နှင့် ကုသရေးလုပ်ငန်းအဖွဲ့တို့၏ မူဝါဒ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ယနေ့ (၂.၈.၂၀၁၈)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ကျင်းပရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။ ဒုတိယ ဝန်ကြီးမှ ယခုအစည်းအဝေးသည် တတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံ၏ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂-၈-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် (၄၅) ဦးတို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
School Cum Shelter တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းကြီးကြပ်ကော်မတီများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဆောင်၍ (၂-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီ အချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်မည့် School Cum Shelter (၁၇) လုံး ဆောက်လုပ်မည့်လုပ်ငန်းများအတွက် တိုင်း/မြို့နယ် အဆင့် လုပ်ငန်းကြီးကြပ်ကော်မတီများအား၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် ဖျာပုံခရိုင်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်ပညာရေးမှူးများ ကျောင်းအုပ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တင်ဒါ အောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပေးသည့် အခမ်းအနားသို့ စုစုပေါင်း (၉၀) တက်ရောက်၍ တက်ရောက်သူများမှ အခက်အခဲများ … Read more
-
ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတို့၌ (၂-၈-၂၀၁၈) ရက်နေ့ (၁၀း၁၅) အချိန်၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၂,၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ … Read more
-
မြေပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အထက်ကန်ဖျားရပ်ကွက်၌ (၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ … Read more
-
စလင်းမြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် မင်းဘူးမြို့နယ်များအတွင်း ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့နေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတို့တွင် (၃၀-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် အိမ်ခြေ(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၉၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၀၅,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၄၀၅,၈၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၂၂)စုစာတို့အား (၂-၈-၂၀၁၈)ရက်နေ့ (၁၁း၀၀)အချိန်တွင်လည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတွင် (၃၁-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၅၉,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၅၉,၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more









