မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့အတွင်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ၌ (၁၁-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စု (၇၉) စု၊ လူဦးရေ (၂၅၈) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၇၉) စုအတွက် (၇၁,၁၀၀ိ/-)၊ လူဦးရေ (၂၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၁၂,၉၀၀ိ/-) ကျပ်အားလည်းကောင်း၊ ဆက်လက်၍ မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့၌ (၁၀-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေး ရှောင် အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၂၅ဝ) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၈၄) စု အတွက် (၇၅,၆၀၀ိ/-)၊ လူဦးရေ (၂၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၂၅,ဝ၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁,၂၁၃,၅၀၀ိ/-) ကျပ်တို့အား (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူ များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_aug2018

Sign Up

Upcoming Events