မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

13 Pic 01

13 Pic 02

13 Pic 03

13 Pic 05

13 Pic 06

13 Pic 07

13 Pic 08

13 Pic 09

13 Pic 10

===================================================
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
====================================================

ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၌ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်းတွင် (၁၃.၈.၂၀၁၈)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀)ခန့်တို့်ကို ငလျင်ဘေးအန္တရာယ်အသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတို့်ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်မှ တက်ရောက်အဖွင့်အမှာစကားပြောကြား၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပညာရေးတို့မှ သဘာဝဘေးနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ကျန်းမာရေး၊ ပြည်နယ်ကြက်ခြေနီ၊ ပြည်နယ်မီးသတ်အဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events